မိုင်းခတ်မြို့နယ်​၌ ဘိန်းအစားထိုး ​မွေးမြူ​ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင်(၁၀၀)​ထောက်ပံ့​ပေးအပ်

မိုင်းခတ် သြဂုတ် ၁

စိုက်ပျိုး​ရေး၊ မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းခတ်မြို့နယ်​ ဟိုလင်း​ကျေးရွာတွင် ယမန်​နေ့နံနက်ပိုင်းက အသက်​မွေးဝမ်း​ကျောင်း အ​ထောက်အကူပြု ဘိန်းအစားထိုး​မွေးမြူ​ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ​ဒေသကြက်အ​ကောင်(၁၀၀)​ကို တာဝန်ရှိသူများက သွား​ရောက်​ပေးအပ် ခဲ့သည်။

အဆိုပါ​​ပေးအပ်ပွဲသို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊​ မိုင်းခတ်မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူး​ ဒေါက်တာသက်ဝင်း​မောင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ သွား​ရောက်၍ အိမ်​ခြေ(၃၀)လူဦး​ရေ ၁၂၀ခန့်ရှိဟိုးလင်း​ကျေးရွာတွင် သွား​ရောက်​​ထောက်ပံ့​ပေးအပ်ခဲ့​ပြီး​ ကျေးရွာတာဝန်ရှိသူက​ ကျေးဇူးတင်စကားပြန်လည်​ပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)