ပဲခူး ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးကိုယ်စား တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ သက်ကြီးရွယ်အို ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ရှေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး၊ Zoom ဖြင့် တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်များမှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)