ကွမ်းခြံကုန်းမြို့နယ်၌ ဆေးဆိုင်များအား ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချမူမရှိစေရေး လိုက်လံစစ်ဆေး

ကွမ်းခြံကုန်း    ဩဂုတ်   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်() ဆိုင်အား ဆေးဝါးများစျေးနှုန်းမြှင့်တင် ရောင်းချမူမရှိစေရေးအတွက် ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးတို့မှ  လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် ဆေးဆိုင်များက စျေးနူန်းမှန်ကန်စွာ ရောင်းချမှသာပြည်သူများ ကျန်းမာရေးအတွက် စျေးနူန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

ဆွေနွယ်(IPRD)