ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန(Community Certre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပုံပါကျင် ဩဂုတ် ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Certre) ခန်းမတွင်ယမန်နေ့က (Book Club)အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာရေးဆရာကောင်းမြတ်၏" ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃‌ ဒေါ်မြမြအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ ကောင်းမြတ်၏ "ပွင့်သောပန်းတိုင်းမွှေးစေလို" စာအုပ်ထဲမှရန်လိုတတ်တဲ့ကလေး၊ စည်းကမ်းမလိုက်နာတတ်တဲ့ကလေး၊ လိမ်ပြောတတ်တဲ့ကလေးစသည့် ခေါင်းစဉ်များဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့်(Book Club) အဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ရှင်းလင်း‌ဆွေး‌နွေးခဲ့ကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)