မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ပြည့်စုံဖို့ အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းလုံ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဗလငါးတန်ပြည့်စုံဖို့ အာဟာရမျှတစွာစားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်လှိုင်မှ ဗလဆိုသောစကားရပ်ကို မြန်မာအဘိဓာန်တွင် ခွန်အားဟူ၍ ပြဆိုထားပါတယ်။ ထို့ပြင် ဗလငါးတန်ကို ကာယဗလ(ကာ ယအား)၊ ဉာဏဗလ (ဉာဏအား)၊ စာရိတ္တဗလ (ကိုယ်ကျင့်တ ရား)၊ မိတ္တဗလ (မိတ်ဆွေအား)၊ ဘောဂဗလ (ပစ္စည်းအား)ဟူ၍ ထပ်မံပြဆိုထားပါတယ်။ ထိုခွန်အား ၅ ပါး (ဗလငါးတန်) ပြည့်စုံလျှင် လူတစ်ဦးချင်းကိုလည်းကောင်း၊ လူအများ(တစ်နိုင်ငံလုံး)ကိုလည်းကောင်း ချက်ချင်းလက်ငင်း ကောင်းကျိုးဖြစ်ထွန်းမည့်အကြောင်းနှင့် ဗလငါးတန်အကြောင်းကို ပြည့်ပြည့်စုံစုံသိရှိအောင် အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။

ပြီးနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတို့တွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုအသီးသီးချီးမြင့်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)