နည်းပညာတက္ကသိုလ်(မြိတ်)တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်တွင် ဆရာ/မများနှင့် ကျောင်းသား/ သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းလိုက်နာတတ်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးဆိုင်ရာများကို သိရှိနားလည်ပြီး သတိပြုရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။