မုဒုံမြို့နယ်တွင် နေကြာသီးနှံ စိုက်ပျိုးနိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ  ကျေးရွာများတွင်  နေကြာသီးနှံကို ယခုလာမည့် ဆောင်းရာသီ၌ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မီဒီယာများနှင့် တွေ့ဆုံပြီး အသိပေးရှင်းလင်းပွဲ (၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် စက်တင်ဘာ (၁) နေ့၌ ကျင်းပပြုလုပ်မည့် မြန်မာတိုင်းရင်းသားတို့၏ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို အခက်အခဲမရှိ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအား လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပန်းတောင်း (အ.ထ.က)ကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၁၀:၀၀)က ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ ပဝချောင်းရေလျှံတက်၍ ပဝကျေးရွာအုပ်စုအတွင်းရှိအခြေခံပညာ ကျောင်း(၄)ကျောင်းယာယီပိတ်ထားရ

၂၀၂၂ ခုနှစ်၊ သြဂုတ်လ(ပထမ)ပါတ်အတွင်း တနင်္သာရီမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခဲ့ သဖြင့် ပဝကျေးရွာအုပ်စုအတွင်းသို့ စီးဆင်းနေသည့် ပဝချောင်း၌ ရေလျှံတက်လာသဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်အထိ ပဝအုပ်စုအတွင်းရှိ သာယာကုန်းတောင်ကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ဖိုးမဲကျေးရွာနှင့် ပဝထိန်ကျေးရွာများရှိ ကျေးရွာတွင်းလမ်းအချို့နှင့် မြေအနိမ့်ပိုင်းရှိနေအိမ်ခြံဝန်းများအတွင်း ရေဝင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ နတ်မောက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေ စာရင်း (၆၆/၆)ပုံစံများ အား Software Program ဖြင့်ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးသည် နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၁၀)နာရီက နတ်မောက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

သုံးခွမြို့ပေါ်ရှိ ဆေးဝါးရောင်းချနေသော ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန် က သုံးခွမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်တွင် တားမြစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာတွင် (VRFP) စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရေပုတ်ကလေးကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်၊ နံနက် ၉  နာရီက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Subscribe to