ဖျာပုံ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် တာဝန်ရှိသူများက ဖျာပုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား ကြည့်ရှုစစ်ဆေးကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းအား၊ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဖျာပုံမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို အောင်မြင်စွာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး မဲစာရင်းများ တိကျမှန်ကန်စေရေး ပြည်သူတစ်ဦးချင်း ကိုယ်ရေးအချက်အလက် နိုင်(၄) မှတ်တမ်းများကို Electric System ဖြင့် Software ရေးသွင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့က စတင်၍ နေ့ညမပြတ်အဖွဲ့ (၃)ဖွဲ့ ခွဲပြီးဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေ စာရင်းများ မှန်ကန်စေရေးနှင့် စာရင်းထပ်ကျန်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)