သုံးခွ ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး (Women Club) အဖွဲ့၀င် ဒေါ်စန်းစန်းမော် မှ "စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့်" "စာအုပ်ပါအ ကြောင်းအရာများထဲမှ" တွေဝေခြင်းကို ကျောခိုင်းခြင်း "ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် မှန်မှန်ကန်ကန် ရှုမြင်တတ်တဲ့အမြင် အသိမရှိရင် အမြော်အမြင်မရှိရင် ဘာလုပ်ရမှန်းမသိပဲ စိတ်ဓာတ်တွေ ပျက်ပြားကျဆင်းတတ်ပါကြောင်း၊ အခက်အခဲတွေ ပြဿနာတွေပေါများလှတဲ့ လူ့လောကကြီးမှာ စိတ်ခိုင်ခံ့မှုမရှိရင်၊ ကြံ့ခိုင်မှုမရှိရင် နေရာတကာမှာ စိတ်ဓာတ်ကျစရာချည်းပဲဖြစ်ပါကြောင်း ပြောကြားသည်။ (Women Club) အဖွဲ့၀င် ဒေါ်သန္တာမျိုး က "အပြုအမူကောင်းတို့အတွက် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်ဆွေးရာတွင် မြင့်မြတ်တဲ့ စိတ်ဆန္ဒ၊ မြင့်မြတ်တဲ့ ရည်မှန်းချက်ရှိခြင်းဟာ အကျင့်စရိုက်ကောင်းရှိဖို့၊ အကျင့်သီလကောင်းရှိဖို့ အထောက်အကူ အများကြီးပေးတယ်လို့ ဆိုနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (Book club)အဖွဲ့၀င် မခင်နှင်းအေးမှလည်း "ကိုယ့်၀န်းကျင်ကိုပါ စင်ကြယ်စေနိုင်သူ" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြင့်မြတ်တဲ့ရည်မှန်းချက်၊ ပြင်းထန်တဲ့ဆန္ဒရှိမယ်ဆိုရင် မကောင်းတာကိုပြုခြင်းမှ ရှောင်ကြဉ်ရတဲ့ စာရိတ္တ သီလတွေမှာလဲ ခိုင်သည်ထက်ခိုင် စင်ကြယ်သည်ထက် စင်ကြယ်လာနိုင်ကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)