ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပေါက်ခေါင်း    ဩဂုတ်    ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည်    နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော "အားနေသောလက်များ" စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန် က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေမြတ်နိုးသူအချင်းချင်း ရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးတင်ဝင်းက   "အားနေသောလက်များ" စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး၊ တက်ရောက်လာသော အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာခေါင်းစဉ်ခွဲများလိုက် အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ တစ်လလျှင်တစ်ကြိမ် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)