မြစ်သားမြို့၌ ပြည်သူ့စွမ်းရည်မြှင့်တင့်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (လက်သမား၊ပန်းရံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြစ်သား သြဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်သူ့စွမ်းရည်မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်နှင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ကာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မိမိဘဝတိုးတက်ရေးကြိုးစားကြစေလိုကြောင်း သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ရာ သင်တန်းကို ဇူလိုင်လ ၁၉ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့ထိ (၂၂)ရက်ကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသားများအတွက် လက်သမား၊ ပန်းရံသုံးပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်ထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)