မြစ်ကြီးနား သြဂုတ် ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်းများ အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ် ဝန်ကြီးများသည် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများ နှင့်အတူ အောင်နန်းရိပ်သာရပ်ကွက်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ GRF ရန်ပုံငွေဖြင့် တင်ပြတောင်းခံ ထားသည့် အောင်သစ္စာလမ်း အရှည် ၈၈၀ ပေ၊ အောင်သုတ လမ်းအရှည်ပေ ၈၀၀ တို့အား ကတ္တရာလမ်းသစ် ခင်းပေးနိုင်ရေးနှင့် ရပ်ကွက်နေ ပြည်သူများ၏ ထပ်မံတင်ပြတောင်းဆိုထားသည့် အောင်သိဒ္ဓိလမ်း အရှည်ပေ ၈၀၀၊ တောင်သူကြီး လမ်းသွယ်(၁) အရှည်ပေ ၁၁၀၀ နှင့် တောင်သူကြီးလမ်းသွယ် (၃)အရှည်ပေ ၁၁၈၀ တို့အား ကတ္တရာလမ်းသစ်ခင်းပေးနိုင်ရေးတို့အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးများက ပြည်သူ များ၏ လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဘဏ္ဍာနှစ် အလိုက် ရန်ပုံငွေထည့်သွင်းလျာထား တင်ပြတောင်းခံသွားရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)