မုဒုံမြို့၌ သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း တောင်သူများအား ပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးစပါး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကွက်တွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘဲရမ်းကျေးရွာရှိ တောင်သူ ဦးမောင်ခင် ပိုင်ဆိုင်သော လယ်မြေဧက (၁၀) ဧကတွင် ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက “ လူငယ်နှင့်မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း ပြင်ဆင်ရန်အတွက် အလှူငွေပေးများပေးအပ်

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း က ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ခရိုင် ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း ပြင်ဆင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ကသာမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Software Program ထည့်သွင်း ဆောင်ရွက်နေမှု အခြေအနေအားကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Software Program ထည့်သွင်း ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ယနေ့နံနက် (၁၀)နာရီ အချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပု​တောမြို့နယ်၊ ဇီးဖြူဆိပ်​ကျေးရွာအုပ်စု၊ ​ဇီးဖြူဆိပ်​ကျေးရွာတွင် မိုးစပါးစိုက်ဧကများ ​ရေကြီးနစ်မြုပ်မှု မဖြစ်​ပေါ်​စေ​ရေး ကွင်းဆင်း​ဆောင်ရွက်

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဇီးဖြူဆိပ်​ကျေးရွာအုပ်စု၊ ဇီးဖြူဆိပ်​ကျေးရွာတွင် သြဂုတ်လ (၄)ရက်​နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှု​ကြောင့် ဇီးဖြူဆိပ်ကျေးရွာအတွင်းရှိ ​တောင်သူများ၏ မိုးစပါးစိုက်ဧက (၃၇၈၅) ဧကမှာ စိုက်ပျိုးပြီးစီးလျက်ရှိသည့် အနက် ဧက(၂၅၀၀)ခန့်မှာ ​ရေကြီးနစ်မြုပ်လျက်ရှိ​ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်​တော်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ယနေ့ နံနက်ပိုင်းတွင် ကွင်းကြီးကျေးရွာအုပ်စု မတ်ကြီးခုံကျေးရွာရှိ ရှမ်းကျောင်းစာသင်တိုက်၌ ဆွမ်းဆန်​​တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသားလူငယ်များအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား လူငယ်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးရက် သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထက(ဘုရင့်နောင်) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကျုံပျော်မြို့ အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ ရောက်ရှိ၍ အားကစားဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများလမ်းညွှန်မှာကြား

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနသို့ ရောက်ရှိ၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရမည့် လုပ်ငန်းများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
Subscribe to