ကော့ကရိတ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကော့ကရိတ် သြဂုတ် ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မူကြိုကျောင်းမိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက သံဃာတော် (၅) ပါး ပင့်ဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြည့်သူများမှ နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်း  ကျောင်းတိုက်မှ သံဃာတော်အရှင်ဂါမဏိမှ ငါးပါးသီလချီးမြှင့်ပေးခဲ့ပြီး ဝါဆိုသင်္ကန်းကပ်လှူရသည့်အကျိုး တရားတော်အကြောင်းတို့ကို  သြဝါဒချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်နှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းကာ အလှူဒါနကုသိုလ်များအတွက် ရေစက်ချအမျှပေးဝေကာ သာဓုခေါ်ဆိုခဲ့ကြသည်။ ထိုနောက် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)