မိုးညှင်းမြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုးညှင်း ဩဂုတ် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက‌၊ အရေး၊ အတီးပြိုင်ပွဲများ မြို့နယ်အဆင့် ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူ များမှ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ ဝါသနာရှင်များ ယှဉ်ပြိုင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လို ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြိုင်ပွဲကျင်းပနိုင်ရေး ကော်မတီဝင်များမှ လိုအပ်သည် များကို အသီးသီးဆွေးနွေးတင်ပြကြရာ အဆိုပါဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

မိုးညှင်းမြို့နယ်တွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲအမျိုးအမည်များမှာ စန္ဒယားအတီး၊ ဆိုင်းအတီး၊ စောင်းအတီး၊ ကဗျာလွတ်အမျိုးသား အမျိုးသမီး အကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး၊ မဟာဂီတ၊ ခေတ်ဟောင်း/ ကာလပေါ်အဆိုပြိုင်ပွဲများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်များမှ ပြိုင်ပွဲဝင် စုစုပေါင်း(၂၇)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲကို ဩဂုတ်လ(၁၄)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)