မိုင်းယုမြိုရှိ နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန် ကွင်းဆင်းအသိပညာပေး

မိုင်းယု ဩဂုတ် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုနယ်၊ မိုင်းယုမြို့တွင် နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာအနီးရှိ တောင်သူဦးကိုစိုင်း၏ ယာခင်းရှိနေကြာစမ်းသပ်စိုက်ကွင်းသို့ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် တာဝန်ရှိသူများက တောင်သူများကို ကွင်းဆင်းအသိပညာပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးကနေကြာကို မိုင်းယုမြို့၌ စမ်းသပ်စိုက်ပျိုးထားလျက်ရာ အောင်မြင်ဖြစ်ထွန်းနေလျက်ကြောင်းနှင့် နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ တောင်သူတို့ကို နိုင်ငံတော်အကြီးအကဲ၏  လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲက နေကြာစိုက်ရာတွင် မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာကို ရွေးချယ်စိုက်ပျိုးသင့်ပါကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ဒေသနေပြည်သူများအတွက် စားသုံးဆီဖူလုံရေးနှင့် တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေများရရှိနိုင်ပါကြောင်း၊ နေကြာတစ်မျိုးထဲကို တည်းသန့်မစိုက်ပျိုးပဲ ဝဥနှင့် သီးညှပ်စိုက်ပျိုးထားနိုင်ကြောင်းနှင့် နေကြာစိုက်ပျိုးမှုအတွက် စိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်တို့ကိုလည်း  ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသည့် “နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများ” လက်ကမ်းစာစောင်တို့ကို တောင်သူများအား ဖြန့်ဝေပေးခဲ့ပြီး တောင်သူ ဦးကိုစိုင်း၏ ယာခင်းရှိနေကြာစမ်းသပ်စိုက်ကွက် အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်