ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

ကမမောင်း သြဂုတ် ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့ (အမှတ်-၃)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင်တံ တောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကိုဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာဆေးကြောရန်၊ တက်နိုင်သမျှအိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိသံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက်ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်း၊ပြန်/ဆက်)