ငါ့သရောက်မြို့ ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကလေများအား ကဗျာရွတ်၊ ပုံပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ငါ့သရောက် သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကလေးများအား ကဗျာရွတ်၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

 အဆိုပါပြိုင်ပွဲများကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ကလေးများ၏ စွမ်းရည်များတိုးတက်ကောင်းမွန် စေရန်ရည်ရွယ်ပြီးပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲများကို ငါ့သရောက်မြို့ ရပ်ကွက်များမှကလေများကလာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဒေါ်အေးအေးမိုးမှ စာအုပ်၊ ဘောပင်၊ ခဲတံတို့ကိုပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် လာရောက်ယှဉ်ပြိုင်ပေးခဲ့ကြသော ကလေးများအား မုန့်များနှင့် အအေးတို့ဖြင့် ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။

 P.W.A