အင်္ဂပူမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးခွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

အင်္ဂပူ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး‌ ကျောင်းများနှင့် ထူးခွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မန် နေ့လယ်ပိုင်းက အင်္ဂပူမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး မြန်အောင်ခရိုင် အုပ်စီမံအုပ်ချူပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဆုပေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှထွဋ်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်းများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ် အဆင့် အောင်ချက်အကောင်းဆုံး အထက်တန်း ကျောင်း(ခွဲ)များနှင့် ကိုယ်ပိုင်ကျောင်းအား မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ကျော်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြန်မာတစ်နိုင်ငံလုံး ဘာသာတွဲ(၂)တွင် အဋ္ဌမဆင့်ရရှိသူ မဆွေနှင်းလှိုင်၊ (၆)ဘာသာဂုဏ်ထူးရှင် မနှင်းကလျာ၊ (၅)ဘာသာဂုဏ်ထူးရှင် မအေဘီသန်းတို့အား ဟင်္သာတ ခရိုင် ပညာရေးမှူး ဦးတိုးဝင်းက ဆုများပေးအပ်ချီးမြင့်ခဲ့သည်။ ထို့နောက် (၄)ဘာသာဂုဏ်ထူး ရရှိသူများနှင့် (၃)ဘာသာဂုဏ်ထူးရရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး တင်မြိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်း‌အောင်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်အောင်ခရိုင်အုပ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)