လယ်ဝေး ဩဂုတ် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းအုပ်စု၊ ရာဇသင်္ဂ လမ်းဘေးရှိ စိုက်ပျိုးရေးဌာနရှင်းလင်းဆောင်၌ ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးရာသီတစ်ဧကတင်း (၁၀၀)နှုန်းထွက်ရှိရေး စံပြကွက်ဧက (၁၀၀)အတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်း၏ရည်ရွယ်ချက်များ၊ သီးနှံအထွက်နှုန်းမြင့်မားရေးနှင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရေးတို့အား ရှင်းလင်းပြောကြားသည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဉီးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းတို့က လယ်ယာကဏ္ဍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စိုက်ပျိုးရေးဉီးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်တို့က တောင်သူများအား သွင်းအားစုပစ္စည်းများပေးအပ်ရာ တက်ရောက် လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် EM သဘာဝမြေဆွေးပြုလုပ် ထားရှိမှု၊ စံပြစပါးပျိုးခင်းပျိုးထောင်ဖြစ်ထွန်းမှုနှင့် စံပြစပါးစိုက်ကွက်အတွင်း စပါးစိုက်ပျိုးနေ မှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)