မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က အ.မ.က မန်လုံကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်‌လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတရရှိရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် ကျောင်းသား‌၊ ကျောင်းသူလေးများအား စိတ်အပန်းဖြေ‌ပျော်ရွှင်စေရန် “စိတ်ကူရင်‌သောဖားက‌လး” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့‌ ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)