ကျွန်းစုမြို့တွင် ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Second Booster Does) ထိုးနှံ

ကျွန်းစု ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပညာရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Second Booster Does) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး၍ (၆)လနှင့်ထက်ပြည့်ပြီးသူ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း များနှင့် ရဲတပ်ဖွဲ့ဝင်များအား စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Second Booster Does (COVAXIN) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)