စဉ့်ကိုင် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်စာကြည့်တိုက်သို့ စာဖတ်၊ စာငှားပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ရေးနယ် လှည့်မိုလ်ဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက် ၀န်ဆောင်မှုပေးလျက်ရှိရာ စာဖတ် ပရိတ်သတ်အကြိုက် စာအုပ်များအား တစ်ပတ်တစ်ကြိမ်လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမိုး