ကလော ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမှတ်(၂၇၇)၂၀၂၂ ခုနှစ်၊ မေလထုတ် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်းစာအုပ်မှစာရေးဆရာ အောင်ချစ်(ဟဲဟိုး)ရေးသားသည့် လေးနက်စွာတွေးတို့အရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စာပေချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့ဝင် ဆရာအောင်ချစ်(ဟဲဟိုး) ရေးသားသည့် လေးနက်စွာတွေး တို့အရေးခေါင်းစဉ်ပါစာအုပ်ကို အောင်ချစ် (ဟဲဟိုး)ကဖတ်ကြား ဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များပေါ် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြန်လည်ဝေဖန်သုံး သတ်ဆွေးနွေးခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်အရှိန်အဟုန်မပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိကပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)