ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီရောင်းဝယ်ရေးဆိုင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ညောင်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်း ဆိုင်များအားသွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုဘဲ၊ အချင်အတွယ်မှန်ကန်စွာရောင်းချရေး၊ မီးဘေးလုံခြုံရေး အထူးသတိပြုလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထိုနောက် တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့က စက်သုံးဆီဆိုင်များအလိုက် ဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျစီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးပြီး ဒေသတွင်းပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ