မော်လမြိုင်ကျွန်းမြို့နယ်တွင် တရားမဝင်တင်သွင်းလာသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားဆီဘူးများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေး

မော်လမြိုင်ကျွန်း ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့မှ မြို့နယ်အတွင်းသို့ တရားမဝင်တင်သွင်းလာသည့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်စားဆီဘူးများ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် ဈေးများရှိ လက်လီလက်ကားကုန်စုံဆိုင်များ၌ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေးများအတွင်းရှိ ကုန်စုံဆိုင်များအတွင်း တရားမဝင်တင်သွင်းလာသည့် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားဆီဘူးများ၊ ဆီပုံးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

အောင်အောင်(ပြန်/ဆက်)