ကြံခင်းမြို့အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က ကြံခင်း မြို့ မြို့မရပ်ကွက် အခြေခံပညာမူလတန်း မူလွန်မြို့မတောင် စာသင်ခန်းမတွင် ကျင်းပပြုလုပ် သည်။

လေးမျက်နှာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၈)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရေးစပ်နည်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က ကဗျာရေး စပ်နည်း သင်တန်းဖွင့်လှစ်သည်။

လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် VRFP စီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှော်ကထားကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း၌ VRFP စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခဲ့သည်။

မြောင်းမြမြို့ အ.ထ.က(၆)ကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌  ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်  အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စု၊ (မြောင်းမြ)က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို အ.ထ.က(၆)တွင် ယမန်နေ့ နေ့လယ် (၁၂:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ရေး အစီအစဉ် (MCCT) အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် (၁၇) ရက်နေ့  နံနက် ၁၁ နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးနေကြာမျိုးစေ့ထုတ် တောင်သူများ အား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြန်အောင်မြို့နယ်အတွင်းရှိ မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက် က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်မည့် True World Co.,Ltd Managing Director နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အတွင်းလျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိနိုင်ရေးအတွက်ဒေသတွင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် True World Co.,Ltd အား ယမန်နေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ပန်းတနော်မြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၅)လုံး ကြိုတင်ပြောင်းရွေ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက် ၁၀ နာရီက တောကျောင်းကျေးရွာအုပ်စုတွင် လူနေအိမ် (၁၅)လုံး ကြိုတင်ပြောင်းရွေ့ ခဲ့ရသည်။
Subscribe to