ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်

ညောင်တုန်း ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ရေး အစီအစဉ် (MCCT) အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ် (၁၅) ရက်နေ့  နံနက် ၁၁ နာရီ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၄)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၁၉၉၇)ဦးနှင့် အသက်(၂)နှစ်အောက် က‌လေးငယ် (၄,၈၈၆)ဦး စုစုပေါင်း (၆,၈၈၃)ဦးအတွက် စုစုပေါင်း ငွေကျပ် (၂၉၆,၀၈၅,၀၀ဝိ/-)ကို တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များ ကိုယ်စားသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)