ကြံခင်း ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က ကဗျာရေး စပ်နည်း သင်တန်းဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ကဗျာရေး စပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ကဗျာသင်တန်းဆရာ ဦးမျိုးလှိုင်ဝင်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။
ထိုနောက် သင်တန်းစတင်ရာ ကဗျာဆရာ ဦးလှိုင်ဝင်းမှ လေးလုံးစပ်လင်္ကာ၊ ရသ၊ အလင်္ကာ၊ ဂုဏ်၊ ချီသံ၊ ချသံ၊ ရသ(၉)ပါး၊ အလင်္ကာ(၅)ပါး၊ ဒွေးချိုးရေးပုံရှင်းလင်းချက်၊ အသံလေးမျိုး အကြောင်းအား သင်ကြားပေးကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဩဂုတ်(၁၆) ရက်နေ့မှ (၁၇)ရက်နေ့ထိ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား/ သူ(၁၅)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)