ကြံခင်းမြို့အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများပြုလုပ်

ကြံခင်း  ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အခြေခံပညာမူလတန်းကျောင်းများ၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က ကြံခင်း မြို့ မြို့မရပ်ကွက် အခြေခံပညာမူလတန်း မူလွန်မြို့မတောင် စာသင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့မှ ဘက်စုံသားဖွားဆရာမ ဒေါ်ဝင်းဝင်းကြည်က တစ်ကိုယ်ရည်သန့်ရှင်းရေး လေ့ကျင့်စဉ်(၁၀)ချက်နှင့် အာဟာရဖွံဖြိုးမှု၊ အစာအုပ်စု (၃)အုပ်စု အားလည်းကောင်း၊  ကျောင်းကျန်းမာရေး ဆရာမဒေါ်ခင်ချိုအေးမှ သွားကျန်းမာရေးနှင့် ပတ်သက်သည့် အခြေခံအချက်(၃)ချက်နှင့် ကာကွယ်ခြင်း အားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းကျန်းမာရေးအဖွဲ့များမှ ကျောင်းသား/သူ (၂၈၉)ဦးအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တကိုယ်ရည်သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်  သွေးလွန် တုပ်ကွေးမဖြစ်စေရေး စစ်ဆေးကြောင်း သိရသည်။

ကြံခင်းမြို့မူလွန်(အ.မ.က)ရှိ သွားကျန်းမာမှုမရှိသောကျောင်းသား/သူများအား သွားဆရာဝန် ဒေါက်တာစောထူးသာမှ ဆေးကုသပေးကြောင်းနှင့် ကြံခင်းမြို့ပေါ်ရှိ အခြေခံ ကျောင်းများသို့  ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် နေ့စဉ်အလှည့်ကျ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ကျောင်းကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)