မြောင်းမြမြို့ အ.ထ.က(၆)ကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌  ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်  အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စု၊ (မြောင်းမြ)က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ..က()တွင် ယမန်နေ့ နေ့လယ် (၁၂:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ညီညီအောင်က ကျောင်းသား ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပြီး၊ တပ်ကြပ်ကြီး ဇော်ဝင်းထွန်းက ယာဉ်လမ်းအချက်ပြပုံများကို လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ..က () ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။  

မြောင်းမြခရိုင်(ပြန်/ဆက်)