ကဝမြို့နယ်တွင် ဈေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ ဆန်ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်များကို မိဘပြည်သူများ လက်ဝယ်သို့အရောက် သက်သာသောဈေးနှုန်းတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ် နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer ပြန်လည်ပြုပြင်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ နတ်စောင့်ကျေးရွာ၊ နတ်စောင့်ဓာတ်အားခွဲရုံ 33/KV 5 MVA Transformer ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ခြင်းကို ဩဂုတ်လ (၁၄)ရက်နေ့ကစတင်၍ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလမ်းညွှန်မှုဖြင့် တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက တက်ညီလက်ညီကြိုးပမ်းကာ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အေးရွာသစ် အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယနေ့နံနက်(၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ပေါင်းတည်မြို့နယ် ညောင်ဖြူကျေးရွာအုပ်စု၊ သရက်ခေါင်းကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နေ့လယ်ပိုင်းက ညောင်ဖြူကျေးရွာအုပ်စု၊ သရက်ခေါင်းကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ဆိုရိုးစကားပုံများကို သိရှိနားလည်ပြီး တန်းဖိုးထားတတ်စေရန်၊ ဗဟုသုတတိုးပွား၍ ဉာဏစွမ်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ယနေ့နံနက် ၁၀ နာရီ က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ် အောက် ပြေး၊ ခုံ၊ ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးမှ ရန်ကင်းမြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လိုက်ပါလျက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ဆေးထိုးအဖွဲ့ ၇ ဖွဲ့ဖြင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီက ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်  ယနေ့နံနက် ၈ နာရီခွဲကစတင်၍ ဆေးထိုးအဖွဲ့ ၇ ဖွဲ့ဖြင့်  ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to