မြန်အောင် သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြန်အောင်မြို့နယ်အတွင်းရှိ မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက် က စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးနေမင်းထွန်းက စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုရန် နှင့် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ကြိုတင်စီမံဆောင်ရွက်ကြရန် ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးမှူး ဉီးစိုးမြင့်အောင်က နေကြာစိုက်ခင်းများ၏ လက်ရှိအခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတာဝန်ခံ ဒေါ်သင်းသင်းအောင်က စိုက်ပျိုးစရိတ် ထုတ်ချေးပေးမှု၊ ပြန်လည်ပေးဆပ် ရမည့်ကာလ၊ အတိုးနှုန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြန်အောင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စုမှ မိုးနေကြာမျိုးစေ့ထုတ်တောင်သူ (၈)ဉီး၊ (၂၂)ဧကအတွက် တစ်ဧက (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်(၃၃)သိန်း ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်