မင်းလှမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား SoftwareProgramဖြင့် ထည့်သွင်းရိုက်ကူးခြင်းဆောင်ရွက်မှုလုပ်ငန်း (၉၅)ရာခိုင်နှုန်း ပြီးစီး

အထက်မင်းလှ ဩဂုတ် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ (၆၆/၆)များ Software Programဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့် စု‌ပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ (၉၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း သိရသည်။ 

မင်းလှမြို့နယ်တွင် လူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို တစ်မြို့နယ်လုံးအနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း(၂၈၃၅၃)စုရှိပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း (၂၆၇၅၃)စု ဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့၍ (၉၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါလုပ်ငန်းကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)