တောင်ငူ သြဂုတ် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေကိုလက်လှမ်း မီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍၊ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက် သွားရောက်ငှါးရမ်း ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်ငှါးရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သုတ၊ ရသစာအုပ်များကို တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးကြောင်းနှင့် ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)