သာယာဝတီ ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်နေအထိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ရာတွင် သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိသဥ္ဇာထူး ခေါင်းဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည် စစ်ဆေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့ကာ သံချဆေးများ တိုက်ကျွေးခဲ့သည်။
သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံ ထက်/လယ်/မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ သတ်မှတ်ရက်များတွင် ကျန်းမာရေးဝန်းထမ်းများ က ဆောင်ရွက်ပေးခဲ့ရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်ဆက်)