မံစီမြို့နယ်၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေး

မံစီ ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယမန်နေ့ နံနက် ၉ နာရီက   ကျောင်းသားကျောင်းသူများကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းနှင့် သန်ကောင်ရောဂါ အကြောင်းကို အသိပညာပေးဟောပြောပြီး တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးကို ကြည့်ရှု့စစ်ဆေးကာ သန်ချဆေးများကို တိုက်ကျွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနက ကျောင်းကျန်း မာရေး ရက်သတ္တပတ်လှုပ်ရှားမှုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ စက်တင်ဘာလ ၂  ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။         

မြို့နယ် (ပြန်/ဆက်)