မံစီ ဩဂုတ် ၁၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူမျာအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(မံစီ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဇော်လင်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ ကျောင်းသားကျောင်းသူ များက “လူကုန်ကူးမှု တားဆီးကာကွယ်ရေး အများပြည်သူဝိုင်းဝန်းပေး” ခေါင်းစဉ်ဖြင့် သရုပ်ဖော်ပြဇာတ်ကို ပညာပေးတင်ဆက်ခဲ့ကြပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း(မံစီ)နှင့် မြို့နယ်ရဲ တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)