သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းလဝက်အစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပ ခဲ့သည်။

‌ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေးမပြတ် ဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေး၍ ရပ်ရွာအကျိုးဆောင်ရွက်ရန်၊ အိမ်ထောင်စုပုံစံ ၆၆/၆၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရေးကွင်းဆင်း အဖွဲ့များဖြင့် အချိန်မီပြီးစီး ရေးဆောင်ရွက်ရန်၊ စာရင်းဇယားများမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးမပြတ်ဆောင်ရွက်ရန်၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေး ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်