မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုများအား ရေလွတ်ရာသို့ပြောင်းရွှေ့ပေး

မင်္ဂလာဒုံ  သြဂုတ်  ၁၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက် ()နာရီ (၄၅)မိနစ်အချိန်ခန့်မှစ၍ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၁)နှင့် (၁၇) အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ အမြင့်ပေ ()ပေခန့် မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၁)နှင့် (၁၇)အတွင်းရှိ အိမ်ထောင်စု (၅၂၀)မှ လူဦးရေ (၈၀၀၀)ခန့်တို့သည် ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်သူများအား အပိုင်(၁၁)ရှိ အေးမေတ္တာဘုန်းတော်ကြီးကျောင်းနှင့် ဇိနအောင်သုခဘုန်းတော်ကြီးကျောင်းများသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်းနှင့် ရေကြီးရေလျှံသည့် အိမ်ထောင်စုများအား လူမှုရေးအသင်းအဖွဲ့များမှ ထမင်းထုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)