လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

လယ်ဝေး ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်အတွင်း တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုတွင် အခြေခံပညာကျောင်းများတွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ (၃၃၄၂၅)ဦး၊ (၅)နှစ်မှ(၁၅)နှစ်အထိ ကျောင်းနေပြင်ပ ကလေးငယ်(၆၅)ဦးနှင့်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၂၀၃၉၄)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ထိုသို့ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဆရာ၊ ဆရာမများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။၊

မြို့နယ်(ပြန်/ဆက်)