စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စဉ့်ကူး သြဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး  နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လနှင့်အထက်ရှိသော အသက် (၁၈) နှစ်အထက် ပြည်သူများအား တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စဉ့်ကူးမြို့နယ်မှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအမံများကို တင်ပြကြရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ်ထိုးနှံ ပြီးစီးသည့်ကာလ (၆) လနှင့် အထက်ရှိသည့် အသက် (၁၈) နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၁၃၃၆) ဦးအား  သြဂုတ်လ ၁၇ ရက်နေ့မှစ၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ထပ်ဆောင်းကာကွယ်ဆေး ( Booster  Dose) အား  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက် )