အုတ်ဖိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များ ကြောင့် လူမှုစီးပွားဘဝ ထိခိုက်လျက်ရှိသော ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်တိုင် လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် Cash for work စီမံကိန်း လုပ်ငန်းများ အကောက်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ကုန်းကျေးရွာ တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက် မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေးလျက် ရှိကြောင်း သိရှိရသည်။

မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အခြင်အတွယ် ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာအဖွဲ့များ ကွင်းဆင်း စစ်ဆေးသည်။

ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် အမှတ်(၆)ရပ်ကွက် (၃၈)လမ်းရှိ ဗုဒ္ဓဝိဟာရဓမ္မာရုံ၌ အမှတ်(၅/၆) ရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကွင်းဆင်း၍ အသက်၁၈ နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ‌‌ပေးရာ Covaxin First Dose ထိုးနှံသူ (၁၂)ဦး၊ Covaxin Booster Dose ထိုးနှံသူ (၈)ဦး၊ Sinovac Booster Dose ထိုးနှံသူ (၄၁)ဦး၊ Myancopharm Booster Dose ထိုးနှံသူ (၁၀)ဦး စုစုပေါင်း (၇၁)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စတုတ္တအကြိမ် ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံးပွဲအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားနှင့် အမျိုးသား​ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်​ရောက်

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဒုတိယဆုရရှိခဲ့သော မွန်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းနှင့် ပိုက်ကျော်ခြင်းအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်​နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ

ညောင်ဦးမြို့နယ် ခြောက်လမြေပဲခင်းများနှင့် သီးထပ်စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများပါ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက် တောင်သူများ စိုက်ပျိုးထားသည့် ခြောက်လမြေပဲခင်းများနှင့် ရောနှော စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများမှာ မိုးရွာသွန်းမှုကောင်းမွန်လာခြင်းကြောင့် အပင်ဖြစ်နှုန်းကောင်းမွန်လျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ ရှင်မိန်ကျေးရွာ တောင်သူ ဦးဝင်းကျော်ထံကသိရသည်။

တာချီလိတ်မြို့နယ် ရေဘေးသင့်ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် သြဂုတ်လ (၁၁)ရက်မှ(၁၂)ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မဲခေါင်ချောင်း၊ မယ်ဆိုင်ချောင်းတို့တွင် ရေများတက်လာပြီး တာချီလိတ်မြို့ပေါ်ရှိ တာလော့ရပ်ကွက်၊ ချစ်ကြည်ရေးတံတားအမှတ်(၁)၊ မကာဟိုခမ်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်(က)ရပ်ကွက်တို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျေးသီးမြို့နယ်၌ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်‌  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် Cash For work  စီမံကိန်းနှင့် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဝင်

မိုင်းကိုင်မြို့နယ်ရှိ ရဟန်း၊ ရှင်သာမဏေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ  ရဟန်း၊ ရှင်သာမဏေများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ  ပူးပေါင်းအဖွဲ့တို့က ဘုန်းတော်ကြီးကျောင်းများအထိ ကွင်းဆင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
Subscribe to