မိုးညိုမြို့နယ်တွင် ဂရန်အင်းနှင့်တင်ဒါချက်များအား (စတုတ္ထ)အကြိမ် လေလံတင်ရောင်းချ

မိုးညို   ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါချက်များအား ကြမ်းခင်းဈေးဖြင့် ပြင်ဆင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက် ရှိမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂရန်အင်းနှင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း က ကြီးကြပ်သူအဖြစ် ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က မိုးညိုမြို့နယ်အတွင်းရှိ ဂရန်အင်းနှင့်တင်ဒါချက်များကို (စတုတ္ထ)အကြိမ် လေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း (၁၄)အင်း ရောင်းချရငွေကျပ် (၂၆၈၆၀၀၀၀/-)နှင့် တင်ဒါချက် ()ချက် ကျပ်(၃၄၉၀၀၀၀/-) ကို ရေလုပ်သားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်းအင်းခွန်ငွေကျပ် (၃၀၃၅၀၀၀၀/- )အား နိုင်ငံတော်အခွန်ငွေရရှိခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။                                                                                         

ကိုမင်း(ပြန်/ဆက်)