ဒဂုံမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (အခြေခံပညာအဆင့် အရေး) ပြိုင်ပွဲ ပြုလုပ်

ဒဂုံ   သြဂုတ်  ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများအနက်မှ အရေးပြိုင်ပွဲအား ယနေ့နံနက် (၁၀:၀ဝ) နာရီအချိန်က ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်းရှိ အမှတ် () အခြေခံပညာအထက် တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်၊ အရေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။          

အဆိုပါပြိုင်ပွဲသို့ အကဲဖြတ်ဒိုင်များဖြစ်သော တေးကဗျာ ဦးမင်းယု၊ တေးရေး ဦးမင်းဇော်၊ ဉီးညွှန့်လှိုင်လှိုင်၊ ဦးမင်းထက်သာ၊ ဦးသန်းဝင်း၊ ဒဂုံမြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်၊ အထက () ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်နှင့် ကျောင်းဆရာ/ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား /ကျောင်းသူများ၊ စုစုပေါင်း (၉၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြပြီး ၁၄:၅၀ နာရီအချိန်တွင် ပြိုင်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပပြုလုပ်နေစဉ် ကျောင်းသား/သူများ ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးယာယီရဲမှူး မင်းခိုင် ဦးစီး(+)ဦး၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး သက်ညီညီမောင် ဦးစီး (+)ဦး၊ အမှတ်() လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်သူရဟန် ဦးစီး(+)ဦး၊ ပြည်လမ်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုး ပါ ()ဦးတို့မှ ဆောင်ရွက်ခဲ့ကြပြီး အရေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်()ဦးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မေသန္တာ