ကော့ကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်များသို့ရေများဝင်ရောက်လျက်ရှိ

ကော့ကရိတ် သြဂုတ် ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့၌ သြဂုတ်(၁၃)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဟောင်သရောမြစ်ရေ၊ ဂျိုင်းမြစ်ရေလျှံမှုကြောင့် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ မြေနိမ့်အပိုင်းတို့တွင် ရေများဝင်ရောက်လျက်ရှိသည်။

အဆိုပါမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းများဖြစ်သည့် အမှတ်(၁)၊ (၂)၊ (၄)၊ (၅)၊ (၆)ရပ်ကွက်တို့တွင် နေထိုင်သည့်နေအိမ်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)