ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်

မောင်တော ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဓညဝတီဆောင်တွင် ကျင်းပပြုလုပ်ရာ  မြို့နယ်ပညာရေးမှူး၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၉)ဦးတို့မှ “ကျန်းမာရေးအဆင့် မြှင့်ဖို့ကွယ်၊ တို့ကျောင်းတွေက စကြမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်   အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၂၀)ဦးတို့မှ “ကျန်းမာရေးနှင့် ညီညွတ်စွာ၊ စားသောက်နေထိုင်ပြုမှုပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၀)ဦးတို့မှ “အစာအုပ်စု၊ စုံအောင်စား ၊ သန့်ရှင်းမှုကို အလေးထား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များကို ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ် လှုပ်ရှားမှု သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)