လေးမျက်နှာမြို့နယ် သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော (၇)ရက်တရားစခန်းရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်

လေးမျက်နှာ ဩဂုတ် ၁၈      

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်သော(၇)ရက် တရားစခန်းရှိ ယောဂီ (၁၀၄) ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလှိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် (၇)ရက်တရားစခန်းမှ သံဃာတော်(၄)ပါး၊ ကိုရင်(၄)ပါး၊ သီလရှင်(၄)ပါး၊ အဘိုး(၂၃)ဦးနှင့် အဘွား(၅၆)ဦး၊ နေ့ယောဂီ(၁၃)ဦး စုစုပေါင်း (၁၀၄)ဦးတို့အား ကျန်းမာရေး အထောက်အကူပြု Vita Strong အားဆေး၊ အချိူရည်၊ မုန့်နှင့် ရေသန့်များ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စုစုလှိုင်၊ တာဝန်ရှိ သူများနှင့်အတူ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)