မရမ်းကုန်းမြို့နယ်အတွင်း ရေဝင်​ရောက်မှုများ​သော ​ရပ်ကွက်များရှိ ပြည်သူများအား စားသောက်ဖွယ်ရာများ သွား​ရောက်​ထောက်ပံ့

မရမ်းကုန်း သြဂုတ် ၁

မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း နေရာအချို့တွင်​ ရေဝင်​ရောက်မှုများဖြစ်​ပေါ်ရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်း ​ရေဝင်​ရောက်မှုများ​​သော ရပ်ကွက်များရှိ ပြည်သူများသို့ စာ​သောက်ဖွယ်ရာများ​ ထောက်ပံ့ခြင်းကို ယမန်နေ့ ည​နေ နာရီအချိန်၌  မရမ်းကုန်းမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့ခွဲနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များက ဆောင်ရွက်ခဲ့ကြ​သည်။

အဆိုပါ ​ရေဝင်​ရောက်မှုများ​သော ရပ်ကွက်များမှာ အမှတ်()ရပ်ကွက်​အောင်သိဒ္ဓိလမ်း၊ အမှတ်()ရပ်ကွက်ရှိ​ အောင်မင်္ဂလာလမ်းနှင့် စံပယ်ခြံလမ်း၊ အမှတ်(၁၊၂) ရပ်ကွက်များရှိမြေနိမ့်ပိုင်း​နေရာများဖြစ်ပြီး  ထပ်မံမိုးရွာသွန်းမှု​ကြောင့် အခက်အခဲဖြစ်​ပေါ်ပါက ကူညီ​ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိ​​ကြောင်း သတင်း ရသည်။

အေး​အေး​အောင်(ပြန်/ဆက်)