မိတ္ထီလာ၌ မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဩဂုတ် ၁၈

မိတ္ထီလာ၌ မြို့နယ်အဆင့် (၂၃)ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာရပ်ကွက်တွင်ရှိသော အောင်မင်္လာခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားကို မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးဇော်မင်းဦး၊ ဦးတင့်ဆန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးဌေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

၎င်းနောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များက  မြန်မာ့ရိုးရာအက၊ ဒိုးပတ်၊ ခေတ်ဟောင်းကာလပေါ်သီချင်း၊ မြန်မာ့ဆိုင်းတို့ဖြင့် ကပြသီဆိုတီးပြ ဖျော်ဖြေခဲ့ပြီး သီဆိုဖျော်ဖြေသူများအား တာဝန်ရှိသူများက ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်များက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ချမ်းသာ